ဧရာဝတီ မြစ်ရေနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်
DVB
·
August 18, 2015
သြဂုတ် တတိယ ၁၀ ရက်အတွင်းမှာ “ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် ၆ ပေမှ ၇ ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့မှာ ၃ ပေမှ ၄ ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂ ပေမှ ၃ ပေခန့် လက်ရှိရေမှတ်များ၏အထက် မြင့်တက်လာ နိုင်တယ်”လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တို့မှာ ၆ ပေမှ ၇ ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့မှာ ၃ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်များ၏အထက် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။