ဘန်ကောက် ဗုံးကွဲမှု သတင်းပေးနိုင်သူ ဆုငွေဘတ် ၁ သန်းထုတ်
DVB
·
August 19, 2015
ဘန်ကောက်မြို့ ရာ့ခ်ျပဆုန်လမ်းဆုံအနီး ဧရာဝဏ်နတ်ကွန်းက ပေါက်ကွဲမှုမှာ တရားခံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ပေးနိုင်သူကို ထိုင်းဘတ်ငွေ ၁ သန်း ဆုချမယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဆုမ်ယုဒ်ဖုန့်ဖန်းမုန့်က သူ့ရဲ့ကိုယ်ပိုင် တွီစ်တာမှာ ရေးသားထားကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
သြဂုတ် ၁၇ ရက်ည ဧရာဝဏ်နတ်ကွန်းအနီးပေါက်ကွဲမှုမှာ လူ ၂၀ ဦးသေဆုံးပြီး ၁၂၅ ဦး ဒဏ်ရာရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။