Home
သတင်းဓာတ်ပုံ
ရေဘေးသင့်ပြည်သူများကို လှူဒါန်းမည့် ဓာတ်ပုံပြပွဲ (သတင်းဓာတ်ပုံ)
DVB
·
August 11, 2015
11870906_1144701385556902_403855878262656649_n
11825120_1144701432223564_9173650420804452850_n
11825071_1144701345556906_6467146444019592995_n
11224717_1144701448890229_5182889990346750578_n
11062863_1144701365556904_2416331673330187771_n
ရေဘေးသင့်ပြည်သူတွေကို သွားရောက် ကူညီလှူဒန်းဖို့ ဓာတ်ပုံပြပွဲ တခုကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ထဲမှာရှိတဲ့ The Yangon ပြခန်းမှာ သြဂုတ် ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်နေပါတယ်။ ဒီပြပွဲကို Art for hope လို့ နာမည်ပေးထားပြီး မြန်မာပြည်အနှံ့က ဓာတ်ပုံဆရာ ၃၉ ဦးရဲ့ လက်ရာတွေကို ပြသထားတာ ဖြစ်ပါတယ်။ ဓာတ်ပုံအရေအတွက်ကတော့ ၁၀၂ ခုရှိပြီး အများစုဟာ မြန်မာပြည်အနှံ့က ရှုခင်းတွေ လူမှုဘဝတွေအကြောင်း ဖြစ်ပါတယ်။ ဓာတ်ပုံတွေရဲ့ ရောင်းဈေးတွေကတော့ အနည်းဆုံး ဒေါ်လာ ၃၀ ကနေ အများဆုံး ဒေါ်လာ ၂၀၀ အထိရှိပြီး ပထမနေ့မှာတင် ၁၀ ပုံဝန်းကျင် ရောင်းချပြီးသွားပြီ ဖြစ်ပါတယ်။ ဓာတ်ပုံတွေရဲ့ ရောင်းရငွေအားလုံးကို ရေဘေးသင့်ပြည်သူတွေကို သွားရောက်လှူဒါန်းမှာဖြစ်ပြီး သွားရောက်လှူဒါန်းမှု နည်းပါးတဲ့ ဒေသတွေကို ဦးစားပေး လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - စည်သူဇေယျ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024