Home
မြန်မာသတင်း
ပျဉ်မနား ကျောင်းက ရောင်းသူမရှိ ဈေးရောင်းစနစ် အောင်မြင်နေ
ပိုင်စိုး
·
August 9, 2015
11855758_1527303737555495_3452073551398335488_n
11755923_1592740664326381_2406045262111155724_n
11223850_1592740650993049_2928814555816351531_n
နေပြည်တော် ပျဉ်မနားက အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှာ ဆောင်ရွက်နေတဲ့ ကျောင်းသားတွေကိုယ်တိုင် ပစ္စည်းယူပြီး တန်ဖိုးကို သတ်မှတ်ဘူးထဲမှာ ထားခဲ့ရတဲ့ ဈေးရောင်းစနစ် အောင်မြင်နေတယ်လို့ ကျောင်းအုပ်ကြီး ဒေါ်သီတာက ပြောပါတယ်။ ကျောင်းရဲ့ ကော်ရစ်ဒါမှာ ပစ္စည်းခြင်းတွေကိုထားပြီး ရောင်းသူမရှိ ဈေးရောင်းတာ ဒီနေ့အချိန်အထိ တခုမှ ပျောက်ရှိတာမရှိပဲ ရောင်းရငွေ နှစ်သိန်း ခုနစ်သောင်းကျော်ရှိပါတယ်။ "သူတို့အဖို့ ဒီအလေ့အကျင့်ကောင်းက ထမင်းစားရေသောက်ဖြစ်သွားပါပြီ" လို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။ သူ့ကျောင်းမှာ ကျောင်းသား ၂၅၀၀ ၀န်းကျင်လောက်ရှိပြီး စာရေးကိရိယာတွေ ထည့်ထားတဲ့ ခြင်း ၁၅ ခြင်းနဲ့ ဇူလိုင် ၂၁ ရက်က စတင်ခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံ-သီတာသိမ့် ဖေ့စ်ဘွတ်ခ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024