Home
မြန်မာသတင်း
ယာဉ်မောင်းကို သတိပေးမည့် အာရုံခံကိရိယာ
DVB
·
July 12, 2015
11.Stick-on smart sensor offers hassle-free car hire
10.Stick-on smart sensor offers hassle-free car hire
09.Stick-on smart sensor offers hassle-free car hire
08.Stick-on smart sensor offers hassle-free car hire
07.Stick-on smart sensor offers hassle-free car hire
06.Stick-on smart sensor offers hassle-free car hire
05.Stick-on smart sensor offers hassle-free car hire
04.Stick-on smart sensor offers hassle-free car hire
03.Stick-on smart sensor offers hassle-free car hire
02.Stick-on smart sensor offers hassle-free car hire
01.Stick-on smart sensor offers hassle-free car hire
ကားတစင်းငှားရတဲ့အဖြစ်ဟာ သောကပွေစရာပါပဲ။ ကားမှာတခုခု ထိခိုက်ပျက်စီးသွားတာနဲ့ ငွေက လိုအပ်တာထက် ပိုကုန်ရစမြဲပါ။ ခုတော့ Drop Tag Drive ဆိုတဲ့ ကိရိယာရဲ့ကျေးဇူးကြောင့် တာဝန်ခံမှုအပေါ် အငြင်းပွားရတဲ့ အဖြစ်တွေဟာ မကြာခင်မှာ အဆုံးသတ်သွားတော့မှာပါ။ ဒီကိရိယာလေးကို လေကာမှန်အတွင်းဘက်မှာကပ်ထားလိုက်တာနဲ့ ယာဉ်ရဲ့ အရှိန်နဲ့ အငှားကာလအတွင်း ထိခိုက်မှုတွေကို စောင့်ကြည့်ပေးမှာဖြစ်ပါတယ်။ ဒီကိရိယာက အမြဲပွင့်နေမှာမို့ ကားမှာဘာဖြစ်နေတယ်ဆိုတာ အာရုံခံပြီး ယာဉ်မောင်းသူကိုရော အငှားကုမ္ပဏီကိုပါ စမတ်ဖုန်းရဲ့အက်ပလီကေးရှင်းကတဆင့် သတင်းအချက်အလက်တွေပို့ပေးမှာပါ။ ကိန်းဘရစ်ခ်ျ တီထွင်သူအကြံပေးအဖွဲ့ ထုတ်ကုန်မန်နေဂျာ တွန်မ်လော်ရီးဖပ်ဆီ ကတော့ ဒီ DropTag Drive ဟာ ကားအငှားချရလို့ဖြစ်လာမယ့် စိုးရိမ်ပူပန်မှုတွေကို အဆုံးသတ်ပေးနိုင်မှာပါလို့ ဆိုပါတယ်။ "ကျနော်တို့အားလုံးလည်း ကြုံဖူးကြမှာပါ။ ကိုယ်ကားပြန်အပ်ချိန်ကျမှ စငှားတုန်းက ကိုယ်မတွေ့လိုက်မိတဲ့ အပြစ်အနာအဆာတစ်ခုကို ထောက်ပြလာမလားဆိုတာ မသေချာဘူး။ ကိုယ်အားလပ်ရက် အလယ်ထွက်တုန်း တခြားကိစ္စတစ်ခုခုနဲ့ခရီးထွက်တုန်းမှာ ကားက ဘာတွေထဖောက်မလဲဆိုတာ မပြောနိုင်ဘူး။ ဒီတော့ ဒီ DropTag Drive ကိရိယာက အဲဒီပြဿနာတွေအားလုံးကို ဖယ်ရှားပေးမှာပါ။ အက်ပလီကေးရှင်းထည့်ထားလိုက်တာနဲ့ ကိုယ်ကားသုံးနေတဲ့ တချိန်လုံး ကားရဲ့အခြေအနေကို ထောက်လှမ်းပေးနေမှာပါ။" လို့ သူက ပြောပါတယ်။ လေကာမှန်က ကားဘာဖြစ်နေလဲဆိုတာကို သဘာဝချဲ့စက်အနေနဲ့ အလုပ်လုပ်ပေးမှာပါ။ ဆိုလိုတာက ကားမှာခြစ်ရာလေးထင်သွားတာမျိုးလို အသေးစားထိခိုက်မှုတွေကအစ ဒီကိရိယာက ထောက်လှမ်း ပေးမှာပါ။ ၁ နာရီကို ၁ မိုင် ၂ မိုင်နှုန်းနဲ့သွားနေချိန်မှာတောင် ကားမှာဖြစ်လာတဲ့ သက်ရောက်မှုတွေကို အာရုံခံနိုင်တယ်လို့ လော်ရီးဖပ်ဆီက ဆိုပါတယ်။ "ဒီလိုသက်ရောက်မှုတွေက ကားကို ဘာမှထိခိုက်မသွားစေပါဘူး။ ဒါပေမယ့် ဒီအဆင့်လောက်ထိ အာရုံခံနိုင်တယ်ဆိုတာ သိစေချင်တာပါ။ ကားလေကာမှန်မှာ တပ်ရတယ်ဆိုတာက ဒီကိရိယာက အရွယ်အစား သိပ်သေးပြီး သိပ်ပေါ့လို့ပါ။ နောက်ပြီးတော့ ကားမှာ ဘာဖြစ်နေလဲဆိုတာ ကောင်းကောင်းမြင်ရတာပေါ့။ ဒီထက်လည်း ရုပ်သံအရည်အသွေးတို့ အာရုံခံနိုင်တို့ကို ထပ်ချဲ့နိုင်ပါတယ်။ ဒီတော့ ယှဉ်ဘက်မရှိလောက်အောင် အသေးစိတ် ထောက်လှမ်းနိုင်စွမ်းရှိပါတယ်" လို့ လော်ရီးဖပ်ဆီက ပြောပါတယ်။ ဒီနည်းပညာကို ကားမော်ဒယ်အမျိုးမျိုးနဲ့ စမ်းသပ်အောင်မြင်ခဲ့ပြီးပြီမို့ ကားအငှားကုမ္ပဏီတွေကို ကမ်းလှမ်းထားပါတယ်။ ထုတ်လုပ်သူတွေကတော့ DropTag Drive ဟာ တာဝန်ခံမှုအပေါ် အငြင်းပွားရတဲ့အဖြစ်တွေကို အဆုံးသတ်ပေးနိုင်တဲ့အပြင် ကုမ္ပဏီနဲ့ ငှားသူအကြား အချေတင်ပြောစရာတွေ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024