တိုက်ပွဲဖြစ်နေသည့် အာရှလမ်းမပေါ်တွင် ဆိုင်ကယ်စီးသူ ၂ ဦး အပစ်ခံရ
DVB
·
July 4, 2015
အစိုးရနဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အာရှလမ်းမပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ လင်မယား ၂ ဦး သေနတ်နဲ့ ပစ်ခံရပါတယ်။
ဇူလိုင် ၄ ရက် မနက် ၁၀ ကျော်ခန့်က ကော့ကရိတ်ကနေ မြ၀တီကို အလာလမ်းမှာ ပစ်ခံရတာ ဖြစ်ပါတယ်။
အမျိုးသားက တင်ပါးမှာ ထိမှန်ခဲ့သလို အမျိုးသမီးက ခြေသလုံးမှာ ထိမှန်ခဲ့တဲ့အတွက် ကော့ကရိတ် ဆေးရုံမှာ တက်ရောက် ကုသခံနေရပါတယ်။ ပစ်ခတ်တဲ့အဖွဲ့ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ညနေပိုင်းကနေ စတင်ပြီး မြ၀တီကောကရိတ် သွားတဲ့ လမ်းဟောင်း၊ လမ်းသစ်တွေကို ပိတ်ထားပါတယ်။
ဒီကနေ့ မနက် ၉ နာရီကလည်း သင်္ကန်းညီနောင်မြို့ထဲကနေ တပ်မတော်ဘက်က လက်နက်ကြီး ၁၀ လုံးလောက် ပစ်ခတ်ခဲ့ပါတယ်။
[caption id="attachment_101091" align="alignright" width="338"] ဒဏ်ရာရရှိသွားသူ အမျိုးသား (ဓာတ်ပုံ - Mg Po Hpa-an)[/caption]
ဇူလိုင် ၃ ရက်က မြ၀တီ ဆက်ဆံရေးရုံးက တာဝန်ရှိတဲ့ ကိုသန်းအောင်ကို စစ်တပ်က ခေါ်ဆောင် သွားပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ /၁ နဲ့ အမှုဖွင့်ထားပါတယ်။